ဂွ ဧပြီ ၂၉
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်ကျော်က ပြည်နယ်ဝန်ကြီးချုပ် ခရီးစဥ်လမ်းညွှန်မှာကြားချက်အပေါ် သက်ဆိုင်ရာဌာနဆိုင်ရာများက သိရှိလိုက်နာ ဆောင်ရွက်သွားနိုင်ရေး၊၁၃၈၅ ခုနှစ်၊ကဆုန်လပြည့်နေ့ ကဆုန် ညောင်ရေသွန်းပွဲကို စည် ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး၊ မြို့သန့်ရှင်းသာယာလှပရေး၊ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့်ကျေးရွာများ ဖွံ့ဖြိုးရေး၊ ရပ်ကွက်/ကျေးရွာများရှိ ပုဂ္ဂလိကစက်မှု လုပ်ငန်းများအား လုပ်ငန်းမှတ်ပုံတင်များ လုပ်ကိုင်ဆောင်ရွက်ရာတွင် ကျန်ရှိမှုမရှိစေရေး၊ လုံခြုံ ရေး၊ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး တို့ကို ဆွေးနွေးခဲ့သည်။
ထို့နောက် သက်ဆိုင်ဌာနများမှ တာဝန်ရှိသူများနှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် စာရေးများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ဆွေးနွေခဲ့ကြကြောင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ပြန်လည်ဖြည့်စွက် ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်