ကျိန္တလီမြို၌အသက် (၁၈) နှစ်အထက်ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ

ကျိန္တလီ ဧပြီ ၂၇

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် အသက် (၁၈) နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့ နံနက် (၉) နာရီမှ ညနေ (၄) နာရီအချိန်ထိ ပြည်သူ့ဆေးရုံတွင် ဆေးထိုးအုပ်စုအလိုက် ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန်ရောက်ရှိလာသူများအား ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းနှင့် စာရင်းမှတ်တမ်းရေးသွင်းခြင်းများကို စနစ်တကျဆောင်ရွက်ပေးပြီး ဒုတိယအကြိမ်နှင့် တတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိနေသော အသက် (၁၈) နှစ်အထက်ပြည်သူ (၂၂) ဦးနှင့် စတုတ္ထအကြိမ်မြောက် ထိုးနှံသူ (၉၉) ဦး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိနေသော နိုင်ငံ့ဝန်ထမ်းများ စတုတ္ထအကြိမ်မြောက် (၁) ဦးနှင့် ပဥ္စမအကြိမ်မြောက် (၁) ဦး စုစုပေါင်း (၁၂၂) ဦးတို့ကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဇော်လင်း