အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန  (Community Centre)၌ ဆယ်ကျော်သက်အရွယ် လူငယ်များအတွက် စာအုပ်များဖြင့် စာဖတ်ဝိုင်း ကျင်းပ

အမ်း ဧပြီ ၂၇

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Commmunity Centre) ခန်းမတွင် စာပေမြတ်နိုးသူ Book Club အသင်းဝင် လူငယ်များနှင့် ဆယ်ကျော်သက်အရွယ်လူငယ်များအတွက် စာအုပ် ကလောင်စုံ စာအုပ်များဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လယ်(၁၁)နာရီချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကို လူငယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ​ဟောပြောပွဲများ ဆွေးနွေးပွဲများ၌ ဝင်ရောက်ဆွေးနွေးတတ်သည့် အလေ့အထ​ကောင်းများ ဖြစ်​ပေါ်လာစေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ  ဦးစန်းဝင်းက  စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ဝိုင်းများ ကျင်းပပေးခြင်းနှင့် ပတ်သက်၍ ပြောကြားကာ  စာရေးဆရာဒေါက်တာခင်မောင်ညို၏ လူငယ်နှင့်အကောင်းဆုံးသော ဘဝကိုတည်ဆောက်ခြင်းစာအုပ်မှ လူငယ်နှင့်အမြင်စာပိုဒ်အား ဖတ်ကြားဆွေးနွေးခဲ့သည်။

ဆက်လက်ပြီး မောင်ရဲဝင့်လွင်က ဆယ်ကျော်သက်အရွယ် လူငယ်များအတွက် ကလောင်စုံ စာအုပ်များမှ စာရေးဆရာ ညွန့်ဝေမိုး၏ အနာဂတ်ရိက္ခာ စာဖတ်ပါခေါင်းစဥ်ဖြင့် ၎င်း မဆောင်းလဲ့လဲ့ဦးက စာရေးဆရာ ဒေါက်တာခင်မောင်ဝင်း၏ ပညာဗဟုသုတ ခေါင်းစဥ်ဖြင့်၎င်း မနွယ်နွယ်စိုးက စာရေးဆရာ ရဲသျှမ်း၏ ကိုယ်ချင်းစာစိတ် ခေါင်းစဥ်ဖြင့် ၎င်းမသန်းရင်က စာရေးဆရာ မြင့်ဆွေဦး၏ စွမ်းအားရှိသမျှ ခေါင်စဥ်ဖြင့်၎င်းဦးဖိုးသာထူး ကစာရေးဆရာဒေါက် တာခင်မောင်ညို၏ လူငယ်နှင့်အကောင်းဆုံးသော ဘဝကိုတည် ဆောက်ခြင်းစာအုပ်မှ လူငယ်နှင့်အကောင်းဆုံးသော ဘဝကို တည်ဆောက် ခြင်းခေါင်းစဥ်ဖြင့် ၎င်းအသီးသီးဖတ်ကြားဆွေးနွေးခဲကြရာ ၎င်းးတို့ဆွေးနွေးချက်များအပေါ် မြို့နယ်ဦးစီး အရာရှိ ဦးစန်းဝင်းက တစ်ဦးချင်းစီ၏ ဆွေးနွေးချက်များအား ခြုံငုံသုံးသတ်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)