ပေါက်တောမြို့နယ်၌ အသက်(၁၈)နှစ်နှင့်အထက် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတုတ္ထအကြိမ်နှင့် ပဉ္စမအကြိမ် ထိုးနှံပေး

ပေါက်တော   ဧပြီ  ၂၆

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်၌  အသက်(၁၈)နှစ်နှင့်အထက် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတုတ္ထအကြိမ်နှင့် ပဉ္စမအကြိမ် ထိုးနှံခြင်းကို  ယနေ့ နံနက်(၁၀)နာရီက  မြို့ပေါ်ရှိ ဗုဒ္ဓသာသနာ့ဓမ္မဗိမာန်တော်နှင့် မြို့နယ်အတွင်းရှိ ဆေးထိုးစုရပ်နေရာများ၌ ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ ထိုးနှံပေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန်လာရောက်သည့်သူများအား ကျန်းမာရေးဌာနမှ တာဝန်ကျဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းနှင့် စာရင်းမှတ်တမ်းရေးသွင်းကောက်ယူခြင်းများကို စနစ်တကျ ဆောင်ရွက်ပေးပြီး ပုံမှန်အခြေအနေရှိသူများကို တတိယအကြိမ် ထိုးနှံပြီးသူများအား စတုတ္ထအကြိမ်အဖြစ် လည်းကောင်း၊ စတုတ္ထအကြိမ် ထိုးနှံပြီးသူများအား ပဉ္စမအကြိမ်အဖြစ်လည်းကောင်း ထိုးနှံပေးကြသည်။

အဆိုပါ ဌာနဆိုင်ရာ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဧပြီလ(၂၇)ရက်နေ့အထိ ဗုဒ္ဓသာသနာ့ဓမ္မဗိမာန်တော်နှင့် မြို့နယ်အတွင်း ဆေးထိုးစုရပ်များ၌ နံနက် ၁၀နာရီမှ ညနေ ၃ နာရီထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)