အမ်း ဧပြီ ၂၆
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ မော်တော်ယာဉ်ဖောင်းကြွ နံပါတ်ပြားအသစ်များ ပြောင်းလဲတပ်ဆင် အသုံးပြုကြရန် အသိပညာပေးခြင်းကို ရန်ကုန်-စစ်တွေ ကားလမ်း အမ်းအပိုင်း ကျော်ဇံ ဆီဆိုင်ကုန်းရှေ့လမ်းဆုံတွင် ယနေ့ နံနက် ၇ နာရီအချိန်က တာဝန်ရှိသူများက ဆောင်ရွက်ခဲ့သည်။
မော်တော်ယာဉ် ဖောင်းကြွနံပါတ်ပြားအသစ်များ ပြောင်းလဲတပ်ဆင်အသုံးပြုကြရန် ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွန်ကြားမှုးဦးစီးဌာနအနေဖြင့် ၂၀၂၃ ခုနှစ် ဧပြီလအထိ အသိပညာ ပေးကာလအဖြစ် သတ်မှတ်၍ ဖောင်းကြွနံပါတ်ပြားအသစ်များ ဆောင်ရွက်ပေးလျက်ရှိသည်။
သို့ဖြစ်ပါ၍ အမ်းမြိုနယ်၌ ရန်ကုန်-စစ်တွေ ကားလမ်း အမ်းအပိုင်း ကျော်ဇံဆီဆိုင်ကုန်းရှေ့ လမ်းဆုံတွင် အမှတ်(၂၁)ယာဉ် ထိန်း ရဲတပ်ဖွဲ့စု(ကျောက်ဖြူ) လက်အောက်ရှိ အမ်းတပ်ဖွဲ့ စိတ်မှူး ဒုရဲအုပ် သန့်ဇင်ဦး ဦးဆောင်၍တပ်ဖွဲ့ဝင် ၃ ဦး၊ အမ်းမြို့မရဲစခန်းမှ ရဲဒုတပ်ကြတ် နိုင်မင်းနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီး ဦးဝင်းကိုနိုင်နှင့် ဝန်ထမ်းများ၊အောက်ရွာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးတင်မြင့်နှင့် ရာအိမ်မှူးများ ပါဝင်သည့် ပူးပေါင်းအဖွဲ့က မော်တော်ယာဉ်(၄၀)စီးအား စစ်ဆေးဆောင်ရွက်ခဲ့ရာ ဖောင်း ကြွနံပါတ်ပြားအသစ်များ ပြောင်းလဲတပ်ဆင်ခြင်း မပြုရသေးသော မော်တော်ယာဉ်(၁၀)စီးကို စစ်ဆေးတွေ့ရှိရသဖြင့် မော်တော်ယာဉ် မောင်းနှင်သူများအား အချိန်မှီကုန်းလမ်း ပို့ဆောင်ရေးနှင့်ညွန်ကြားမှုးဦးစီးဌာသို့ သွားရောက်၍ ဖောင်းကြွနံပါတ်ပြားအသစ်များ ပြောင်းလဲတပ်ဆင်အသုံးပြုကြရန် အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)