တောင်ကုတ် ဧပြီ ၂၆
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရုံးဝန်ထမ်းများက သောက်သုံးရေအခက်အခဲရှိသည့် ဘုန်းတော်ကြီးကျောင်းများသို့ ယမန်နေ့ညနေ ၄ နာရီအချိန်က သွားရောက်၍ သောက်သုံးရေများ လှူဒါန်းခြင်းခဲ့ကြကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်ထွီးခိုင်နှင့် ဝန်ထမ်းများက သောက်သုံးရေများ အခက်အခဲရှိသည့် မြို့မဝေဠုဝန်နှင့် ဝေဠုဝန်တောရကျောင်းများသို့ သွားရောက်၍ ရေလီတာ ၅၆၀၀ စီကို စုပေါင်းလှူဒါန်းခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)