မောင်တော ဧပြီ ၂၅
ရခိုင်ပြည်နယ် မောင်တောမြို့၌ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ယမန်နေ့ နံနက် ၉ နာရီ အချိန် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးက အမှာစကား ပြောကြားရာတွင် နိုင်ငံ့စီးပွားရေး မြှင့်တင်ရေး ရန်ပုံငွေများ ထုတ်ချေပေးနိုင်ရေး ၊ နိုင်ငံစီးပွားမြှင့်တင်ရေးအတွက် အဘက်ဘက်မှ ဆွေးနွေးတင်ပြပေးကြရန်နှင့် အထက်မှ ညွန်ကြားချက်များ လိုက်နာဆောင်ရွက်ရေး၊ လယ်ယာ မြေစီမံခန့်ခွဲမှု ကိစ္စရပ်များ၊ ကဆုန် ညောင်ရေသွန်းပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ရမည့် ကိစ္စများ၊ အောင်မြင်စွာ ကျင်းပပေးနိုင်ရန်အတွက် ဆောင်ရွက်ထားသည့် အစီအမံ များအား သက်ဆိုင်ရာ ဌာနများက ကြိုတင် ရှင်းလင်းတင်ပြကြရန် လိုအပ်ပါကြောင်း ပြောကြား ခဲ့သည်။
ထို့နောက် မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများက ကဏ္ဍများအလိုက် ဆောင်ရွက်နေသည့် ကိစ္စရပ်များ၊ ချေးငွေများ ထုတ်ချေးပေးခဲ့မှု အခြေအနေများအား အသီးသီး ရှင်းလင်းတင်ပြကြရာ တင်ပြချက်များအပေါ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သက်လွင်စိုး၊အောင်ကျော်စိန် (ပြန်/ဆက်)