ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သော နွေရာသီဘင်ခရာသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

စစ်တွေ  ဧပြီ   ၂၅

ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သော ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများ နွေရာသီ ဘင်ခရာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း(စစ်တွေ)တွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်မျိုးက အဖွင့် အမှာစကားပြောကြားပြီး ပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး(စီမံ) ဒေါက်တာ ထွန်းထွန်းသိန်းက ဘင်ခရာသင်တန်း ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ နွေရာသီ ဘင်ခရာသင်တန်းသို့ စစ်တွေမြို့ပေါ်ရှိ အခြေခံပညာကျောင်းများဖြစ်သော အထက(၁)မှ ကျောင်းသား၊ ကျောင်းသူ(၆၀)ဦး၊ အထက(၂)မှ ကျောင်းသား၊ ကျောင်းသူ (၅၀)ဦး၊ အထက(၄)မှ ကျောင်းသား၊ ကျောင်းသူ(၇၆)ဦး စုစုပေါင်း(၁၈၆)ဦး တက်ရောက်ကြမည်ဖြစ်ပြီး သင်တန်းကာလမှာ ဧပြီလ ၂၅ ရက်နေ့မှ မေလ ၂၄ ရက်နေ့အထိ (၁)လကြာ သင်ကြားပို့ချသွား မည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)