တောင်ကုတ် ဧပြီ ၂၄
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်၌ အခြေခံပြည်သူများသို့ တန်ဖိုးသင့်စားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချခြင်းကို ယနေ့နံနက်(၇)နာရီတွင် သိမ်တောင်ရပ်ကွက်၊ မြို့မအားကစားကွင်းရှေ့၌ ရောင်းချခဲ့ကြောင်း သိရသည်။
ထိုသို့အခြေခံစားကုန်နှင့် ဟင်းသီးဟင်းရွက်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းကို တောင်ကုတ်တပ်နယ်မှအရာရှိ၊ အရာခံ၊ စစ်သည်နှင့် မိသားစုဝင်ရဲမေများက ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အမဲသား၊ ကြက်သား၊ကြက်ဥ၊ အမဲစည်သွပ်ဘူး၊ ခေါက်ဆွဲ၊ ကြာဇံ၊ ဘီစကစ်၊ ငံပြာရည် နှင့်ဟင်းသီး၊ ဟင်းရွက်များကို ပြည်သူများသို့ ရောင်းချပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်