လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ “မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ” အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်

လိပ်သို  ဧပြီ   ၂၀

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းတို့ကို  ယမန်နေ့နံနက် ၁၀  နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်-၃ ဦးစောဝေါ်ကွောထူးက မသန်စွမ်းသူများနှင့် သက်ဆိုင်သော ကိုဗစ်-၁၉ ရောဂါဆိုင်ရာ၊ မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေအကြောင်း၊ ဉာဏ်ရည်မသန်စွမ်း အမျိုးအစားများအကြောင်း၊ ကိုယ်အင်္ဂါ မသန်စွမ်းသူများအကြောင်း၊ အမြင်အာရုံမသန်စွမ်းသူများ၊ အကြားအာရုံ မသန်စွမ်းသူများအကြောင်း စသည်တို့ကို အသိပညာပေး ဟောပြောခဲ့သည်။

ဆက်လက်ပြီး အသိပညာပေးနံရံကပ်ပြဘုတ်တွင် မသန်စွမ်းသူများ ကိုဗစ်-၁၉ ရောဂါကို ဘယ်လိုကြိုတင်ကာကွယ်ကြမလဲ၊ မသန်စွမ်းမှုကို သင်ဘယ်လို နားလည်ပါသလဲ၊ ဉာဏ်ရည် မသန်စွမ်းသူများ၊ ကာတွန်းပုံများ၊ သိမှတ်ဖွယ်ရာများတို့ကို  အသိပညာပေးနံရံကပ်စာစောင်တွင် ဒေသနေပြည်သူများနှင့် ကျောင်းသား/ကျောင်းသူ လူငယ်လေးများ အသိပညာဗဟုသုတရရှိပြီး ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး ပြသထားကြောင်း သိရသည်။ 

ခင်လေးနွယ် (လိပ်သို)