တောင်ကုတ်မြို့၌ မြန်မာနှစ်ဆန်း(၁)ရက်နေ့ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ

တောင်ကုတ် ဧပြီ ၁၇

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့တွင် နှစ်ဟောင်းကုန်၍ နှစ်သစ်သို့ ကူးပြောင်းသည့် ၁၃၈၅ ခုနှစ်၊ မြန်မာနှစ်ဆန်း(၁)ရက်နေ့ ယနေ့ ညနေပိုင်းက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများက ဆရာတော်၊ သံဃာတော်များကို ပင့်ဖိတ်ကြည်ညို၍ နှစ်သစ်ကူးအန္တရာယ်ကင်း ပရိတ်တရားတော်များကို မြို့တွင်းလမ်းမကြီးများတစ်လျှောက် လှည့်လည်နာယူခဲ့ကြကြောင်း သိရသည်။

ရှေ့ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်နှင့် ခရိုင် ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ရှိ မဏ္ဍပ်တွင် ပင့်သံဃာတော်များထံမှ နှစ်သက်ကူး အန္တရာယ် ကင်းပရိတ်တရားတော်များနာယူကြပြီးနောက် လှူဖွယ်ဝတ္တုများ ကပ်လှူပူဇော်ကြသည်။

ထို့နောက် သံဃာတော်များအား မော်တော်ယာဉ်ပေါ်သို့ ပင့်ဖိတ်၍ မော်တော်ယာဉ်များဖြင့် မြို့တွင်း လမ်းမကြီးတစ်လျှောက် တစ်ပတ်အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)