တောင်ကုတ်မြို့၌မဟာသင်္ကြန်ပွဲတော် အကျနေ့၌ ရေကစားသူများဖြင့်အထူးစည်ကား

တောင်ကုတ်  ဧပြီ  ၁၅

၂၀၂၃ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ကာလ၊ ယမန်နေ့သင်္ကြန်အကျနေ့တွင်  တောင်ကုတ်မြို့ရှိ ဗဟိုမဏ္ဍပ်နှင့်ရပ်ကွက်များရှိ ရေကစားမဏ္ဍပ်များတွင် ရေကစားသူများဖြင့်အထူးစည်ကား လျက်ရှိသည်။

တောင်ကုတ်မြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍ လမ်းလျှောက်သင်္ကြန်အဖြစ်ကျင်းပလျက်ရှိပြီး ဗဟိုမဏ္ဍပ်တွင်ယိမ်းအကပြိုင်ပွဲများ၊ဖျော်ဖြေရေးအစီစဉ်များဖြင့်တင်ဆက်လျက်ရှိပြီး ရခိုင်ရိုးရာလောင်းလှေဖြင့် ရေပက်ကစားခြင်းများကိုထည့်သွင်းထားသည်ကိုတွေ့ရှိရသည်။ ထို့ပြင် မြို့ပေါ်ရပ်ကွက်ရှိ ရေကစားမဏ္ဍပ်များတွင်လည်း စင်တင်တေးဂီတအစီအစဉ်ဖြင့်တင်ဆက်ခြင်း၊ အကများ ဖြင့်ဖျော်ဖြေခြင်းများကို ဆောင်ရွက်လျက်ရှိရာ ရေကစားကြသူများဖြင့်အထူးစည်ကားလျက်ရှိသည်။

တောင်ကုတ်မြို့တွင် သင်္ကြန်ပွဲတော်ကို ယခုကဲ့သို့ စည်ကားသိုက်မြိုက်စွာ မကျင်းပခဲ့သည်မှာ (၄)နှစ် ရှိပြီဖြစ်ကြောင်း၊ ယခုနှစ်တွင် ခရိုင်ရုံးစိုက်ရာ ခရိုင်မြို့ဖြစ်သည်နှင့်အညီ မဟာသင်္ကြန်ပွဲတော်ကိုစည်ကားသိုက်မြိုက်စွာ ကျင်းပခြင်းဖြစ်ကြောင်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးမောင်ပု ထံမှသိရသည်။

မြို့နယ်(ပြန်/ဆက်)