မြောက်ဦးမြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အာရက္ခထင်းရှူးမြေမဏ္ဍာပ်ဖွင့်ပွဲအခမ်းအနား စည်ကား သိုက်မြိုက်စွာကျင်းပ

မြောက်ဦး  ဧပြီ  ၁၄

ရခိုင်ပြည်နယ် ၊ မြောက်ဦးခရိုင် ၊ မြောက်ဦးမြို့၌ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် ၊ ခရစ်သက္ကရာဇ် ၂၀၂၃ ခုနှစ် တွင် ကျရောက်မည့် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အာရက္ခထင်းရှူးမြေ မဏ္ဍာပ် ဖွင့်ပွဲအခမ်းအနား ယမန်နေ့ ညနေပိုင်းအချိန်က အမှတ် (၃၇၇) ခြေမြန်တပ်ရင်းရှိ အာရက္ခ ထင်းရှူးမြေ သင်္ကြန် မဏ္ဍာပ်၌ စည်ကား သိုက် မြိုက် စွာကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါမဟာသင်္ကြန်ပွဲတော် အာရက္ခထင်းရှူးမြေ မဏ္ဍပ်ဖွင့်ပွဲအခမ်းအနားသို့ နယ်မြေခံတပ်မမှူး ၊ ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဌ ဦးကောင်းမြတ်နိုင် နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌ ဦးစိုးစိုးသက်နှင့်အဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာများ နှင့် ယိမ်းအက အဖွဲ့ ဝင်များ တက် ရောက် ကြသည်။

ဦးစွာ အာရက္ခထင်းရှူးမြေမဏ္ဍပ်ကို နယ်မြေခံတပ်မှူး ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယ ဗိုလ်မှူးကြီး တင်ထူးလှိုင်၊ အမှတ်(၅၄၀) ခြေမြန်တပ်ရင်း တပ်ရင်းမှူး တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ကြပြီး ယိမ်းအဖွဲ့များ မှ မြူမှောင်ဝေကင်း သီချင်းဖြင့် ကပြဖျော်ဖြေပေးကြသည်။  အခမ်းအနားသို့ တက်ရောက်လာသူများကို အတာ သင်္ကြန်ရေပက် ဖြန်းပေး၍ ယိမ်းအက လှပျိုဖြူများ မှ ကပြဖြေဖျော်ကြပြီး  ရေကစားသူများနှင့် စည်း ကားလျှက်ရှိကြောင်း သိရသည်။

မြင့်စိုး၊စိုးငြိမ်းနိုင် (ပြန်/ဆက်)