ဂွမြို့၌ သင်္ကြန်အကြိုနေ့တွင် မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲနှင့် ဘုရားရေသပ္ပါယ်ပူဇော်ခြင်းအား စည်ကားသိုက်မြိုက်စွာ ကျင်းပ

ဂွ ဧပြီ ၁၄

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့၌ ၂၀၂၃ ခုနှစ် (၁၃၈၄) ခုနှစ် မြန်မာ့ရိုးရာယဥ်‌ကျေးမှု နှစ်သက်ကူး မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲကို ကမ်းသာယာကျေးရွာနှင့် ဘုရားရေသပ္ပါယ်ပူဇော်ခြင်းများကို သိမ်ကုန်းစေတီတော်မြတ်ကြီး၌  ဧပြီလ ၁၃ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြသည်။

၂၀၂၃ ခုနှစ် (၁၃၈၄)ခုနှစ် မြန်မာ့ရိုးရာယဥ်‌ကျေးမှု နှစ်သက်ကူးမဟာသင်္ကြန်ပွဲတော် အကြိုနေ့ဖွင့်ပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့်ဇနီး၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖလုပ်ငန်းရှင်များ၊ ရပ်ကွက်ကျေး ရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ယိမ်းအကအလှအဖွဲ့များ၊ ပြည်သူများ တက်ရောက်ကြပြီး မဟာသင်္ကြန်ပွဲတော်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ညနေပိုင်းတွင် သိမ်ကုန်းဘုရား စေတီတော်မြတ်ကြီးအား

ဘုရားရေသပ္ပါယ်ပူဇော်ခြင်းနှင့် နံ့သာသွေးပြိုင်ပွဲတွင် ဆုရရှိသည့်အသင်များအား ဆုချီးမြှင့်ခြင်း အစီအစဥ်ကို ဆက်လက်ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ ရခိုင့်ရိုးရာယဥ်ကျေးမှု စည်တော်အဖွဲ့နှင့် နံ့သာသွေးပြိုင်ပွဲဝင် အသင်းသူများ၊ ဘုရားရေသပ္ပာယ်ပူဇော်ကြမည့် ပြည်သူများက သိမ်ကုန်းဘုရားကြီးတွင် ဘုရားရေသပ္ပါယ်ပူဇော်ခဲ့ကြပြီး နံ့သာသွေးပြိုင်ပွဲတွင် ဆုရရှိသည့်အသင်များအား ဆုချီးမြှင့်ခြင်းအစီအစဥ်ကို ဆက်လက်ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

ရွှေရည်ဝင်းကျော်