အမ်း ဧပြီ ၆
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ မဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မဟာသင်္ကြန်ပွဲတော်အား အောင်မြင်စွာ ကျင်ပရေးဦးစီးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်က ၂၀၂၃ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အဖွင့်အမှာစကား ပြောကြားရာတွင် မဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်တည်ဆောက်ရေးလုပ်ငန်း၊ ဖွင့်ပွဲ/ပိတ်ပွဲနှင့်ဖျော်ဖြေရေးလုပ်ငန်း၊ ဧည့်ခံကျွေးမွေးရေး၊ ရေရရှိရေး၊ စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းများ၊ နှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါနငါးလွှတ်ရေး၊ သက်ကြီးပူဇော်ပွဲ လုပ်ငန်းနှင့် မြို့ပေါ်ရပ်ကွက်များ၌ တည်ဆောက်ဆောက်လျက်ရှိသော သင်္ကြန်မဏ္ဍပ်များနှင့်ဗဟိုမဏ္ဍပ်တွင် ဒေသခံလူကြီး လူငယ်များအေး ချမ်းစွာပျော်ပါးနိုင်ရေး ကိစ္စရပ်များအားပြောကြားခဲ့ရာ မဟာသင်္ကြန်ပွဲတော် ကျင်းပရေး လုပ်ငန်းကော်မတီ ဗဟိုမဏ္ဍပ်တည်ဆောက်ရေး လုပ်ငန်များဆောင်ရွက်နေမှု၊ ရေရရှိရေးဆောင်ရွက်ထားရှိမှု၊ ဧည့်ခံကျွေးမွေးရေး ဆောင်ရွက်ထားရှိမှု၊ ဖျော်ဖြေရေးအနေဖြင့် ရွှေအမ်းမြေ တေးဂီတအဖွဲ့နှင့်သင်္ကြန်ယိမ်းအဖွဲ့များ ခေါ်ယူထားရှိမှု၊ ဖွင့်ပွဲ/ပိတ်ပွဲ အစီအစဥ်များ၊ သတင်းမှတ်တမ်း ရိုက်ကူးရေးဆောင်ရွက်ထားရှိမှု နှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါန ငါးလွှတ်ပွဲဆောင်ရွက်ရန် စီစဥ်ထားမှု၊ သက်ကြီးပူဇော်ပွဲကျင်းပရေး ဆောင်ရွက်ထားရှိမှုများအား သက်ဆိုင်ရာ လုပ်ငန်းကော်မတီအလိုက်ဆွေး နွေးတင်ပြခဲ့ရာ တင်ပြချက်များအပါ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးနှင့် လုပ်ငန်းကဏ္ဍများအတွက် လုပ်ငန်းကဏ္ဍများအလိုက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)