ဘူးသီးတောင် ဧပြီ ၆
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မြို့ပေါ်ရပ်ကွက်များရှိအသက်(၅၀)နှစ်မှအထက်ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူများအားကိုဗစ်-၁၉ ကာကွယ်ဆေး(ပဉ္စမအကြိမ်) စတင်ထိုးနှံခြင်းကို ယနေ့နံနက် ၉နာရီခွဲအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်မှုဖြင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ စောမင်းသိန်းဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ကာကွယ်ဆေးကို ကျန်းမာရေဝန်ကြီးဌာန၏ သတ်မှတ်စည်ကမ်းချက်များနှင့်အညီ ဆေးမထိုးမီအပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းခြင်း၊ သွေးတွင်းအောက်ဆီဂျင် တိုင်းတာခြင်းများစသည့် ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်ပြီး ကာကွယ်ဆေးထိုးနှံပြီးသူများကို မိနစ်(၃၀)ခန့်စောင့်ကြည့်ကာကာကွယ်ဆေးထိုးနှံပေးလျက်ရှိသည်။
ဘူးသီးတောင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး စတုတ္ထအကြိမ်ထိုးနှံပြီးစီးသူ (၁၃၈၁၅)ဦးထဲမှ(၆)လပြည့်ပြီးသူများအား ယနေ့နံနက်ပိုင်းမှစတင်၍ (ပဉ္စမအကြိမ်) ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
လှကျော် (ပြန်/ဆက်)