မိုင်းယောင်းမြို့နယ်၌ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ

မိုင်းယောင်း ဧပြီ ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့နံနက် ၁၁ နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နန်းပန်၊ ရုပ်သံကျွမ်းကျင်-၃ ဒေါ်နန်းစီဖေါင်း၊ အငယ်တန်းစာရေး ဦးထွန်းမြင့်လှိုင်နှင့် လုပ်သားရုပ်သံ ဒေါ်ဝေဝေခိုင်တို့က “မသန်စွမ်းသူ” ဆိုသည်မှာ၊ “မသန်စွမ်းမှု” ဆိုသည်မှာ၊ “မသန်စွမ်းသူများ၏ အခွင့်အရေး” ဆိုသည်မှာ၊ “ပြန်လည်ထူထောင်ရေး” ဆိုသည်မှာ၊ “ခွဲခြားဆက်ဆံမှု” ဆိုသည်မှာ၊ “ဆက်သွယ်ခြင်း” ဆိုသည်မှာအကြောင်းနှင့် “ဘာသာစကား” ဆိုရာတွင် စသည့်မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ သိကောင်းစရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း