မြေပုံမြို့နယ်၌ မူလတန်းပြဆရာ/ဆရာမ(၇၆၇)ဦးတို့အား ဘာသာရပ်စွမ်းရည်မြှင့် သင်တန်းဖွင့်လှစ်ပို့ချ

မြေပုံ      မတ်   ၂၉  

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ အခြေခံပညာမူလတန်းအဆင့်(သင်ရိုးသစ်) ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲကိုကို ယမန်နေ့နံနက်(၉)နာရီက အထက(မြေပုံ)နှင့် အထက(ကမ်းထောင်းကြီး)ကျောင်းတို့၌ သင်တန်းဖွင့်လှစ်ပို့ချသင်ကြားသည်။

အထက(မြေပုံ)ကျောင်း၌ မြို့နယ်ပညာရေးမှူးဦးအောင်ဌေးက သင်တန်းဖွင့်ပွဲနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး ဒုတိယမြို့နယ်ပညာရေးမှူးဦးခင်အောင်လင်းက သင်တန်းစည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းကို အထက(မြေပုံ)ကျောင်း၌ မူလတန်းပြဆရာ/ဆရာမ(၄၄၁)ဦးနှင့် အထက(ကမ်းထောင်းကြီး)ကျောင်း၌မူလတန်းပြဆရာ/ဆရာမ(၃၂၆)ဦးတို့ကို သင်တန်းကြီးကြပ်ဆရာ/ဆရာမ(၅)ဦးနှင့် နည်းပြဆရာ/ဆရာမ(၂၀)ဦးတို့က နံနက်(၉)နာရီမှ ညနေ(၄)နာရီအထိ သင်ကြားပို့ချပေးလျက်ရှိသည်။ သင်တန်းကာလမှာ မတ်လ(၂၈)ရက်နေ့မှ  မတ်လ(၃၁)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

တင်ဝင်း