မြောက်ဦး မတ် ၂၉
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူး၍ နှစ်စဉ်ပြုလုပ်ကျင်းပသော ပါဠိပထမပြန်စာမေးပွဲ ပထမနေ့အဖြစ် အောင်တပ်ရပ်ကွက် အ.ထ.က ၂ ကျောင်း၌ ယနေ့နေ့လယ် ၁၂ နာရီအချိန်မှ စတင်ဖြေဆိုလျှက်ရှိသည်။
မြောက်ဦးမြို့နယ်အတွင်းရှိ စာသင်တိုက်များမှ ရဟန်း၊သံဃာများသည် ၂၀၂၃ ခုနှစ်၊ အစိုးရ ပါဠိပထမပြန်စာမေးပွဲကို ဖြေဆိုကြသည့် ပထမအကြီတန်း (၃) ပါး၊ ပထမအလတ် တန်း (၄) ပါး၊ ပထမအငယ်တန်း (၂၆) ပါး၊ အခြေပြုမူလတန်း (၂၀) ပါး စုစုပေါင်း (၅၃) ပါး ဝင်ရောက်ဖြေဆိုလျှက်ရှိပြီး ပထမအကြီတန်း၊ ပထမအလတ်တန်း စာဖြေသံဃာများ သည် ဒွေမာတိကာဘာသာရပ်၊ အငယ်တန်း စာဖြေသံဃာများသည် ဘိက္ခုပါတိမောက် ဘာသာရပ်နှင့် အခြေပြုမူလတန်း စာဖြေသံဃာများသည် ဝိနည်းကျင့်ဝတ် ဘာသာရပ် များအား ဖြေဆိုလျှက်ရှိရာ အစိုးရပါဠိ ပထမပြန်စာမေးပွဲကို မတ်လ (၂၈) ရက်နေ့ မှ ဧပြီလ ၃ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်သာသနာရေးဦးစီးဌာနမှ သိရသည်။
မြင့်စိုး ၊ စိုးငြိမ်းနိုင် (ပြန်/ဆက်)