ပေါက်တောမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ အစိုးရပါဠိပထမပြန် စာမေးပွဲ စတင်ဖြေဆို

ပေါက်တော    မတ်    ၂၉

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနကကြီးမှူး၍ နှစ်စဉ်ကျင်းပပြုလုပ်သော ၂၀၂၃ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲ ပထမနေ့အဖြစ် ဗုဒ္ဓသာသနာ့ဓမ္မဗိမာန်တော်၌ ယမန်နေ့မွန်းလွဲ(၁)နာရီက ကျင်းပလျက်ရှိသည်။

ပေါက်တောမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲကို မတ်လ(၂၈)ရက်နေ့မှ ဧပြီလ(၃)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ရာ ပထမကြီးတန်းတွင် (၅)ပါး၊ ပထမလတ်တန်းတွင်(၁)ပါး၊ ပထမငယ်တန်းတွင် (၆)ပါးနှင့် အခြေပြုမူလတန်းတွင် (၁၃)ပါး၊ စုစုပေါင်း(၂၅)ပါး ဝင်ရောက်ဖြေဆိုလျက်ရှိပြီး စာရင်းပေးသွင်းထားသူ စာဖြေသံဃာစုစုပေါင်း(၄၆)ပါး ရှိကြောင်း မြို့နယ်သာသနာရေးဦးစီးဌာနမှသိရှိရသည်။

သံဃာတော်များစာမေးပွဲဖြေဆိုရာတွင် အဆင်ပြေစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျန်အေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့်စာရေးများ၊ စေတနာရှင် အလှူရှင်များက နေ့စဉ်ဆွမ်းဘောဇဉ် အာဟာရများ လှူဒါန်းလျက်ရှိကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)