သံတွဲ မတ် ၂၉
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူး၍ ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲဖြေဆိုခြင်းကို ယမန်နေ့နေ့လယ် ၁၂ နာရီက သံတွဲမြို့ ဘုရင့်နောင်လမ်းရှိ သာသနာ့ဗိမ္မာန်တော်၌ ဖြေဆို ရှိကြောင်းသိရသည်။
ထိုသို့ဖြေဆိုကြရာတွင် သံတွဲမြို့နယ်စာစစ်ဌာန၌ ပထမကြီးတန်း၊ ဒွေမာတိကာ ဘာသာရပ်တွင် ဖြေဆိုရန်စာရင်းတင်သွင်းထားသည့် ရဟန်းသံဃာ (၂)ပါးရှိပြီး ပျက်ကွက်(၂)ပါး၊ ပထမလတ်တန်း ဒွေမာတိကာ ဘာသာရပ်တွင် စာရင်းရှိ ရဟန်းသံဃာ (၈)ပါးရှိပြီး ဖြေဆို(၅)ပါး၊ ပျက်ကွက်(၂)ပါး၊ ပထမငယ်တန်း ဘိက္ခုပါတိမောက်ဘာသာရပ်တွင် စာရင်းရှိ (၁၃)ပါး၊ ဖြေဆို(၁၂)ပါး၊ ပျက်ကွက်(၁)ပါးရှိပြီး အခြေပြုမူလတန်းတွင် ဖြေဆိုရန်စာရင်းတင်သွင်းထားသည့် ရဟန်းသံဃာ (၂၁)ပါးရှိပြီး ဖြေဆိုသူ(၁၂)ပါးနှင့်ပျက်ကွက် (၉) ပါးရှိသဖြင့် စုစုပေါင်းဖြေဆိုရန် စာရင်းတင်သွင်းထားသည့် ရဟန်းသံဃာ (၄၄)ပါးရှိသည့်အနက် (၂၉) ပါးဖြေဆိုသဖြင့် ပျက်ကွက် (၁၅)ပါးရှိကြောင်း သံတွဲခရိုင်သာသနာရေးဦးစီးဌာနမှသိရှိရသည်။
အဆိုပါ ၂၀၂၃ ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲကို မတ်လ(၂၈)ရက်နေ့မှ ဧပြီလ (၃)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရှိရသည်။
ခရိုင်ပြန်/ဆက်