မာန်အောင် မတ်၂၉
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌ ၂၀၂၃ ခုနှစ် အခြေခံပညာကျောင်းများတွင် သင်ကြားသင်ယူမှုလုပ်ငန်းများ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် အခြေခံပညာ မူလတန်းဆင့် သင်ဆရာ/မများ၏ အတန်းလိုက် ဘာသာရပ်အလိုက် သင်ကြားမှု စွမ်းရည်မြှင့်မားလာစေရန် ဘာသာရပ်စွမ်းရည်မြှင့် ဆွေနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အ-ထ-က မာန်အောင် အောင်ဇေယျာခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဦးအောင်စံကျော်က အဖွင့်အမှာစကားပြောကြားပြီး သင်တန်းနည်းပြများ ကိုယ်စား နည်းပြဆရာ ဦးမြင့်သောင်းဟန်မှ သင်တန်းနှင့်ပတ်သတ်၍ အကြံပြုဆွေးနွေးသည်။
အဆိုပါ သင်တန်းတွင် ကြီးကြပ်ဆရာ(၅)ဦး၊ နည်းပြဆရာ (၂၀)ဦးနှင့် မူလတန်းပြ ဆရာ/မ (၅၈၅)ဦး တက်ရောက်ကြပြီး ဆွေနွေးပွဲကို ယခုလ ၂၈ ရက်နေ့မှ ၃၁ ရက်နေ့ထိ နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ (၄)ရက်ကြာ ဆွေးနွေးပွဲကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သိန်းဖေ(ပြန်/ဆက်)