မြေပုံ မတ် ၂၉
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ အစိုးပါဠိပထမပြန် ပထမအကြီးတန်း၊ ပထမအလတ်တန်း၊ ပထမအငယ်တန်းနှင့် အခြေပြုမူလတန်းစာမေးပွဲတို့ကို ယမန်နေ့ နေ့လယ်(၁၂)နာရီက ကံသာထွက်ဝရပ်ကွက်ရှိ အလက(ခွဲ)ကျောင်း၌ စတင်ကျင်းပလျက်ရှိသည်။
ပါဠိပမထမပြန်စစ်မေးပွဲ ကျင်းပစစ်ဆေးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်လင်းနိုင်ဦးဆောင်၍ မြို့နယ်သံဃာ့နာယကဆရာတော်ကြီးများ၏ လမ်းညွှန်မှုကိုခံယူကာ ဌာနဆိုင်ရာများ၊ မြို့နယ်ဥပဌာကအဖွဲ့နှင့် မြို့မိ/မြို့ဖတို့ပူးပေါင်း၍ စာစစ် ကြီးကြပ်ဆရာတော်ကြီးများ၊ စာဖြေရဟန်း/သာမဏေများ ဆွမ်း၊ ကွမ်း၊ ဝေယျာဝစ္စ ပြည့်ပြည့် စုံစုံဖြင့် အေးချမ်းစွာစာမေးဖြေဆိုနိုင်ရန် ဆောင်ရွက်ထားရှိသည်။
မြေပုံမြို့နယ်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲစစ်ဆေးရာ၌ ပထမကြီးတန်းတွင်ဒွေမာတိ ကာဘာသာကို ရဟန်း/သာမဏေဖြေဆို(၁၃)ပါးနှင့် ပျက်ကွက်(၂)ပါး၊ ပထမလတ်တန်းတွင်ဒွေမာတိ ကာဘာသာကို ရဟန်း/သာမဏေဖြေဆို(၃)ပါးနှင့် ပျက်ကွက်(၁)ပါး၊ ပထမငယ်တန်းတွင် ဘိက္ခု ပါတိမောက်ဘာသာကို ရဟန်း/သာမဏေဖြေဆို(၃၃)ပါးနှင့် ပျက်ကွက်(၁)ပါးနှင့် အခြေပြုမူလတန်း တွင်ဝိနည်းကျင့်ဝတ်ဘာသာကို ရဟန်း/သာမဏေဖြေဆို(၂၆)ပါး၊ ပျက်ကွက်(၁၀)ပါးရှိပြီး ရဟန်း/ သာမဏေ(၇၅)ပါးတို့က အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရှိရသည်။
တင်ဝင်း