ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့နယ်အဆင့်အခြေခံပညာ ဆရာ/ဆရာမများ ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲပြုလုပ်

မောင်တော  မတ် ၂၈

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌  မြို့နယ်အဆင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် ဆရာ/ဆရာမများ ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မောင်တောခရိုင် ပညာရေးမှူး ဦးချစ်သိန်းက သင်တန်းဖွင့်ပွဲနှင့်စပ်လျဉ်း၍ ယခုဘာသာရပ် စွမ်းရည်မြှင့်သင်တန်းတွင်  ဆရာဆရာမများ အနေဖြင့် မိမိတို့ဘာသာရပ် စွမ်းရည်မြှင့်တင်နိုင်ရေးအတွက် သင်တန်းသားများအချင်းချင်း တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးကြစေလိုကြောင်း၊ မိမိတို့၏သင်ကြားမှုသင်ယူမှုနည်းစနစ်များ၊ အတွေးအခေါ်ကောင်းများ လိုအပ်ပါကြောင်း၊ အချိန်ကိုအကျိုးရှိစွာအသုံးချပြီး ဆရာ၊ ဆရာမများအနေဖြင့် အမြဲတမ်းပညာရပ်များကို လေ့လာသင်ယူကြစေရန်၊ မိမိတို့ ကျောင်းအတွင်း စွမ်းရည်မြှင့်မားသော ကျောင်းသား၊ ကျောင်းသူများပေါ်ထွန်းလာအောင် စနစ်တကျသင်ကြားပို့ချရန်နှင့် သင်တန်းတွင် စည်းကမ်းများနှင့်အညီ လိုက်နာသင်ယူကြရန်လိုကြောင်း စသည့်တို့ကို ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဦးအောင်မြင့်သိန်းက  ထပ်ဆင့်အမှာစကားပြောကြားခဲ့ပြီး  ဒုတိယမြို့နယ်ပညာရေးမှူး ဦးဇော်လင်းဦးက သင်တန်းစည်းကမ်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲကို အခြေခံပညာကျောင်းများမှ မူလတန်းအဆင့် ဆရာ၊ဆရာမ စုစုပေါင်း ၆၄၁ ဦး တက်ရောက်လျက်ရှိပြီး နည်းပြ ၂၁ ဦးက ဦးဆောင်ဆွေးနွေးမည်ဖြစ်ပြီး ဆွေးနွေးပွဲကာလမှာ မတ်လ ၂၈ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အထိ ၄ ရက်ကြာ ဆွေးနွေးပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သက်လွင်စိုး၊အောင်ကျော်စိန်