ပုဏ္ဏားကျွန်း မတ် ၂၈
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ကြီးမှူးကျင်းပသော ၂၀၂၃ ခုနှစ်၊ အစိုးရ ပါဠိပထမပြန် စာမေးပွဲကို ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ လောကမာရဇိန်ဘုရားသိမ်တော်၌ ယနေ့နေ့လယ် (၁၂)နာရီက စတင်ကျင်းပလျက်ရှိရာ ရဟန်း၊ သံဃာ၊ သာမဏေ ၁၇ ပါး ဝင်ရောက်ဖြေဆိုလျက်ရှိသည်။
အစိုးရပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆိုခွင့်စာရင်းရှိ ၂၀ ပါးအနက်၊ အခြေပြုမူလတန်းတွင် စာရင်းရှိ ၁ ပါးနှင့် ပထမအလတ်တန်းတွင် စာရင်းရှိ ၂ ပါး ဖြေဆိုပျက်ကွက်ခဲ့ပြီး၊ ပထမအကြီးတန်းတွင် ၆ ပါးတို့ကဒွေမာတိကာနှင့် ဓမ္မပဒဘာသာအားလည်းကောင်း၊ ပထမအငယ်တန်းတွင် ၁၁ ပါးတို့က ဘိက္ခုတိမောက်နှင့် ဓမ္မပဒဘာသာတို့ကို ယနေ့နေ့လယ် (၁၂)နာရီမှ ညနေ(၃)နာရီထိ၊ ဝင်ရောက် ဖြေဆိုခဲ့ကြသည်။
ထိုသို့ စာဖြေရဟန်း၊ သံဃာတော်များနှင့် စာမေးပွဲကြီးကြပ်ရေး ဆရာတော်ကြီးများကို မြို့နယ်စီမံအုပ်ချုပ်အဖွဲ့မှ နဝကမ္မနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆက်ကပ်လှူဒါန်းပေးပြီး၊ အဆိုပါ စာပေးပွဲကို ၂၀၂၃ ခု၊ ဧပြီလ(၃)ရက်နေ့အထိ၊ ကျင်းပသွားမည် ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။
နီထွန်းအောင်(ပြန်/ဆက်)