ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းအမ်းမြို့၌  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

အမ်း မတ် ၂၈

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန် ကြီးများပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူတို့နှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင်  အမ်းမြို့၌ နယ်အတွင်း လှည့်လည်ကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှု စစ်ဆေးဆောင်ရွက်ခဲ့သည်။

ရခိုင်ပြည်ဝန်ကြီးချုပ်၊လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးပြည် နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အဖွဲ့သည် အမ်မြို့၌၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ပြည် ထောင်စုရန်ပုံငွေ (၅၂၅.၅၅၅)ကျပ် သန်း ဖြင့် A STAR Company Limited မှ တာဝန်ယူတည် ဆောက်နေသောစက်မှုစိုက်ပျိုး ရေးနှင့် မွေးမြူရေးအထက်တန်းကျောင်းတည် ဆောက်မှုလုပ်ငန်းခွင်အား လှည့်လည်ကြည့်ရှုစစ်ဆေး၍ ကျောင်းဆောက်လုပ်ရေးတာ ဝန်ခံများနှင့် တွေဆုံကာ ပြုပြင်ရန်လိုအပ်ချက်များအား မှာကြားခဲ့သည်။

ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အသေးစားအလတ်စား ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ကု​ဋေစံကွန်ကရစ် အလှဆင်လုပ်ငန်း ဆောင်ရွက်နေသော လုပ်ငန်းခွင်နှင့် Best Fly သောက် ရေသန့်စက်ရုံများသို့ သွားရောက်လှည့်လည်ကြည့်ရှု၍ လုပ်ငန်းတာဝန်ခံများနှင့် တွေ့ဆုံကာ ထုတ်ကုန်များ တိုးချဲ့ထုတ်လုပ်နိုင်ရေးနှင့် ပတ်သက်၍ ပြောရာ တာဝန်ခံဆောင်ရွက်သူများ၏ တင် ပြချက်များနှင့်လုပ်ငန်း လိုအပ်ချက်များအား ခရိုင်/မြို့နယ်တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)