(၇၈) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အဖြစ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ  ပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ပါ လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

မြောက်ဦး  မတ်  ၂၈

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌ ၂၀၂၃ ခုနှစ် မတ်လ (၂၇) ရက်နေ့တွင် ကျရောက်သော (၇၈) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အဖြစ် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်း ရေး ဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ပါ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများကို မြို့မဈေးကြီးနှင့် ကုန်သည်တန်းလမ်းဆုံတွင်   ယမန်နေ့ နံနက် ၁၁ နာရီကအချိန်က အခမဲ့ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ထိုသို့ လက်ကမ်းစာစောင်ဖြန့်ဝေရာတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးကျော်ဇော်ဝင်းနှင့် ဝန်ထမ်းများမှ လက်ကမ်းစာစောင်တွင် ပါရှိသည့် အကြောင်းအရာများမှာ ပတ်ဝန်းကျင်ရှိ စွန့်ပစ်ပလတ်စတစ် အမှိုက်များကို စနစ်တကျ စွန့်ပစ်တတ်စေရန်၊   မြို့ပြဧရိယာများမှ ပလက်စတစ် စွန့်ပစ်ပစ္စည်းများ၊ စွန့်ပစ်ပလတ်စတစ် ပစ္စည်းများကြောင့် ပတ်ဝန်းကျင်ထိ ခိုက်နိုင်မှု၊  စွန့်ပစ်ပလတ်စတစ် ပစ္စည်းများအား ပင်လယ်သက်ရှိများမှ အစာအဖြစ် လွဲမှားစွာ စားသုံးမှုကြောင့် သက်ရောက်နိုင်မှုများ  စသည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို အများပြည်သူများ သွားလာနေသော နေရာများ၊ မြို့မဈေးတို့တွင် (၇၈) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 မြင့်စိုး ၊ စိုးငြိမ်းနိုင် (ပြန်/ဆက်)