မြေပုံ မတ် ၂၅
(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်ပြီးစီးခဲ့သော အရှည် (၂၈၇၅)ပေရှိ ကျောက်မော်ကြီးကျေးရွာနှင့် ထူးချေကျေးရွာတို့ကို ဆက်သွယ်ထားသော ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယမန်နေ့ နံနက်(၈)နနာရီအချိန်က အဆိုပါလမ်းသစ်၌ ကျင်းပပြု လုပ်သည်။
အခမ်းအနားကို ရခိုင်မင်္ဂလာစည်တော်တီးခတ်၍ ဖွင့်လှစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခိုင်လင်းနိုင်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် မြေပုံမြို့နယ် ကျေးလက် ဒေသဖွံ့ဖြို့ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးဝင်းထွန်းမှ ကွန်ကရစ်လမ်းသစ်ဆောင်ရွက်ပြီးစီးမှူး အခြေအေနများအား ရှင်းလင်းတင်ပြရာ၌ ယခုဖွင့်လှစ်သော ကျေးရွာချင်းဆက်ကွန်ကရစ်လမ်းသစ် သည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေ ကျပ်(၂၂၀)သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုတို့ကို ရှင်းလင်းတင်ပြသည်။ ဒေသခံပြည်သူ ဦးလှမြင့်သိန်း က ယခုကွန်ကရစ်လမ်းသစ် ဖောက်လုပ်ပေးသည့်အတွက် ဒေသခံပြည်သူကိုယ်စား အထူးဝမ်း မြောက်ကြောင်း ကျေးဇူးတင်စကား ပြောကြားသည်။
ကွန်ကရစ်လမ်းသစ်ကို နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီးမျိုးညွှန့်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးခိုင်လင်းနိုင်နှင့် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးဝင်းထွန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။
လမ်းဖွင့်ပွဲ အခမ်းအနားသို့ နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီး မျိုးညွှန့်ဦးနှင့် တပ်မတော်သား များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာချင်းဆက်ကွန်ကရစ်လမ်းသည် အရှည်(၂၈၇၅) ပေ၊ အကျယ် (၁၂)ပေနှင့် အမြင့်(၇)လက္မရှိ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေ ကျပ်(၂၂၀)သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက် ပြီးစီးပြီးဖြစ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း နောက်ထပ် မြေပုံမြို့နယ်၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင် စု/ပြည်နယ်ခွင့်ပြုရန်ပုံငွေ ကျပ် (၁၇၃၃.၄၁၃)သန်းဖြင့် လုပ်ငန်းကြီး(၁၁)ခုကိုလည်း အကောင်အ ထည်ဖော်ဆောင်ရွက်ပြီးစီးပြီးဖြစ်ကြောင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးထံမှ သိရသည်။
တင်ဝင်း