ပေါက်တောမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်  ငါးလုပ်ငန်းဆိုင်ရာချေးငွေကျပ် သန်း (၆၀) အား ဆင်တက်မော်ကျေးရွာအရောက် ရေလုပ်သားများထံသို့ ထုတ်ချေးပေး

ပေါက်တော မတ်  ၂၅

ရခိုင်ပြည်နယ် စစ်တွေခရိုင် ပေါက်တောမြို့နယ်၌ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် စိုက်ပျိုးရေး၊မွေးမြူရေး၊ငါးလုပ်ငန်းနှင့် သမဝါယမကဏ္ဍတို့တွင် ထုတ်ကုန်များ တိုးချဲ့ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ဆင်တက် မော်ကျေးရွာရှိ ရေလုပ်သားများထံသို့ ထုတ်ချေးပေးကြောင်း သိရသည်။

ရှေးဦးစွာ ပေါက်တောမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းအောင်က နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေလွှဲပြောင်း ထုတ်ချေးပေးအပ်ခြင်းနှင့်ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ဆင်တက်မော်ကျေးရွာ ရန်ပုံငွေကြီးကြပ်မှု ကော်မတီဝင်များမှတဆင့် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ငါးလုပ်ငန်းကဏ္ဍာဆိုင်ရာချေးငွေ ကျပ်သန်း ၆၀ အား ကျေးရွာရေလုပ်သားများထံသို့အရောက် ထုတ်ချေးပေးကြသည်။

အဆိုပါ ထုတ်ချေးပေးအပ်ပွဲအခမ်းအနားသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးရွာရန်ပုံငွေ ကြီးကြပ်မှုကော်မတီဝင်များ၊ ဒေသခံရေလုပ်သားများ တက်ရောက်ကြကြောင်း သိရသည်။

ဝင်းမင်းစိုး(ပြန်/ဆက်)