မောင်တော မတ် ၂၅
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ မြို့နယ်မှတ်ပုံတင်ရေးအဖွဲ့မှ မြို့နယ်အတွင်း မှတ်ပုံတင်ခွင့်ပြုထားသည့် သက်တမ်းရှိအသင်းအဖွဲ့ဝင်များအား အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနှင့် အကြမ်းဖက်မှုများကို ငွေကြေးထောက်ပံ့ရာတွင် NPO များကို အလွဲသုံးစားပြုခြင်းဆိုင်ရာ ကိစ္စရပ်များ အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်မှတ်ပုံတင်ရေးအဖွဲ့ဥက္ကဋ္ဌ ကံထွန်းအောင်က ဆွေးနွေးပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးခဲ့ကာ အသင်းအဖွဲ့များအနေဖြင့် လိုက်နာရမည့် စည်းကမ်းချက်များကို ချပြဆွေးနွေးခဲ့ပြီး အသင်းအဖွဲ့များ ဆိုင်ရာဥပဒေပြဌာန်းချက်များကို အသေးစိတ် ရှင်းလင်း ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
အောင်ကျော်စိန်၊ သက်လွင်စိုး ခရိုင်(ပြန်/ဆက်)