ကျောက်ဖြူ မတ် ၂၅
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှကြီးမှူး ကျင်းပပြုလုပ်သည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်နွယ်ထွန်းက မြန်မာနိုင်ငံအပါအဝင် ကမ္ဘာနှင့်အဝန်းတွင် ကလေးသူငယ်များအပေါ် အကြမ်းဖက်ခြင်း၊ လစ်လျူရှုခံရခြင်း၊ ခေါင်းပုံဖြတ်ခြင်းများတွေ့ရှိကြားသိနေရပြီး ကလေးသူငယ်မှု ခင်းများ လည်းဖြစ်ပွားလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် ကလေးသူငယ်အခွင့်အရေးများကို အပြည်အဝဖြည့်ဆည်းပေးနိုင်ရေးအတွက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ(NCRC)ကို ဖွဲ့စည်းခဲ့ပြီး ပြည်နယ်၊ ခရိုင်၊ မြို့နယ်(CRC)ကော်မတီများကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပါကြောင်း မိမိတို့မြို့နယ်တွင်လည်း မြို့နယ် အဆင့်ကော်မတီကိုဖွဲ့စည်းပြီး ကလေးသူငယ်များ အကျိုးဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာဥပဒေ၊ နည်းဥပဒေများကို အကျယ်တဝင့်ရှင်းလင်းဟောပြောခဲ့ရာ တက်ရောက်လာ ကြသူများမှ မိမိတို့သိရှိလိုသည်များအား အပြန်/အလှန်မေးမြန်းဆွေးနွေးခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများမှဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
တင်ထွန်းဦး