ကျောက်ဖြူ မတ် ၂၅
ရခိုင်ပြည်နယ်၊ ကျေက်ဖြူမြို့၌ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝတိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ကျောက်ဖြူမြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သမဝါယမဦးစီးဌာနတို့မှ (မြစိမ်းရောင်) ကျေးရွာများ အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာများသို့ အရင်းမပျောက်မတည် ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းတည့် ၁၂ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အကောင်အထည်ဖော်ဆောင်ရွက်ကြမည့် ကျေးရွာများမှ ကော်မတီဝင်များတက်ရောက် သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံစီးပွားမြှင့်တင်ရေးမတည်ရန်ပုံငွေ မြို့နယ်အဆင့် ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းထွဏ်းမှ အဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်သမဝါယမဦးစီးဌာနတို့မှ မြို့နယ်ဦးစီးအရာရှိများက သက်ဆိုင်ရာဌာနများအလိုက် စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် စိုက်ပျိုးရေးဦးစီးဌာနမှ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက် ကြမည့်ကျေးရွာများဖြစ်သည့် စနဲမင်းပြင်ကျေးရွာ၊ ပေါက်ပြင်ကျေးရွာ၊ ဝမျှောင်ကျေးရွာ၊ မူရွင်းကျေးရွာနှင့် ကျောက်ပြောက် ကျေးရွာများသို့ မတည်ရန်ပုံငွေ ကျပ်သိန်း(၂၈၀၀) အား လည်းကောင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီဌာနမှ မွေးမြူရေးဆိုင်ရာ အသားကဏ္ဍကျေးရွာ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာများဖြစ်သည့် ကလန့်တဲ ကျေးရွာအတွက် ငွေကျပ်သိန်း (၆၀၀)အားလည်းကောင်း၊ သမဝါယမဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်မည့် ဂုံးချွိန်ကျေးရွာ၊ အုန်းတောကျေးရွာ၊ မင်းပြင်ကျေးရွာ၊ စနဲကျေးရွာနှင့် ပဒေးကျွန်းကျေးရွာများအတွက် ငွေကျပ်သိန်း (၁၀၅၄)သိန်းအားလည်းကောင်း အရင်းမပျောက် မတည်ရန်ပုံငွေများကို လွှဲပြောင်းပေးအပ်ရာ ကျေးရွာကော်မတီဝင်များမှ လက်ခံရယူကြသည်။
ယင်းနောက် တက်ရောက်လာကြသည့် မြစိမ်းရောင်ကျေးရွာအကောင်အထည်ဖော်ဆောင်ရွက်ကြမည့် ကျေးရွာကော်မတီဝင်များနှင့် ကျေးရွာသူ၊ ကျေးရွာသားများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
တင်ထွန်းဦး (ပြန်/ဆက်)