သံတွဲ မတ် ၂၄
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သံတွဲမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့်ငါးလုပ်ငန်းဦးစီးဌာနတို့မှ စိုက်ပျိုးရေးမွေးမြူရေးထုတ်ကုန်များ တိုးချဲ့ဆောင်ရွက်နိုင်ရန် အရင်းမပျောက်မတည်ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက သံတွဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်က အရင်းမပျောက် မတည်ရန်ပုံငွေလွှဲပြောင်းပေးအပ်ရခြင်း၏ရည်ရွယ်ချက်များနှင့် စည်းမျဉ်းစည်းကမ်း ဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေးစီးဌာနမှ အကောင်အထည်ဖေါ်ဆောင်ရွက်မည့် ကြိမ်ချောင်း ကျေးရွာသို့ မတည်ရန်ပုံငွေ သိန်း(၂၀၀)၊ ကျားကိုက်ကျေးရွာသို့ ငွေကျပ်သိန်း(၄၀၀)၊ သုံးပင်ဆိုင်ကျေးရွာသို့ ငွေကျပ်သိန်း(၄၀၀) နှင့် ကြက်စားချောင်ကျေးရွာသို့ ငွေကျပ်သိန်း (၃၀၀)တို့ကိုလည်းကောင်း၊ မွေးမြူရေးနှင့်ကုသရေးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်မည့် မဲကျွန်းကျေးရွာနှင့် ရေဖြူအိုင်ကျေးရွာများသို့ တစ်ရွာလျှင် ငွေကျပ်သိန်း(၄၀၀)စီနှင့် ငါးလုပ်ငန်းဦးစီးဌာနမှ အကောင် အထည်ဖော်ဆောင်ရွက်မည့် မြို့တောင်ကျေးရွာသို့ ငွေကျပ်သိန်း (၄၀၀)တို့ကို မြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ မြို့နယ်စီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လွဲပြောင်းပေးအပ်ရာ ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။
အဆိုပါ နိုင်ငံ့စီးပွားါးမြှင့်တင်ရေးအရင်းမပျောက်မတည်ရန်ပုံငွေများပေးအပ်ရခြင်းမှာ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝတိုးတက်လာစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးချဲ့လုပ်ကိုင်နိုင်ရန်အတွက် အရင်းမပျောက်မတည်ရန်ပုံငွေများကို လွဲပြောင်းပေးအပ်ခြင်းဖြစ်ကြောင်း နယ်စီမံကိန်းကြီးကြပ်မှုကော်မတီထံမှ သိရသည်။
ခရိုင်ပြန်/ဆက်