တောင်ကုတ်မြို့နယ်၌ ၂၀၂၃ ခုနှစ် ဓမ္မာစရိယစာမေးပွဲစတင်ဖြေဆို

တောင်ကုတ်   မတ် ၂၁

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနကကြီးမှူး၍ နှစ်စဉ်ကျင်းပပြုလုပ်သော ဓမ္မာစရိယ စာမေးပွဲကို ပထမနေ့အဖြစ် ဖောင်တော်ဦးစေတီတော်ရှိ မဟာဝိဇယဓမ္မာရုံ၌ ယနေ့မွန်းလွဲ(၁)နာရီ အချိန်မှညနေ(၄)နာရီအထိ ကျင်းပလျက်ရှိကြောင်းသိရသည်။

ဓမ္မာစရိယစာမေးပွဲ ပထမနေ့တွင် ပါရာဇိကကဏ္ဍပါဠိအဌကထာ ဘာသာရပ်ဖြေဆိုရန် စာရင်းရှိ သံဃာ(၄၉)ပါးရှိသည့်အနက် (၄၂)ပါးဖြေဆိုခဲ့ပြီး ပျက်ကွက်(၇)ပါးရှိကြောင်း မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာ‌တော်ထံမှသိရသည်။

သံဃာတော်များစာမေးပွဲဖြေဆိုရာတွင် အဆင်ပြေစေရန်အတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်နှင့်အဖွဲ့ဝင်များ၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်တိုးနှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် အလှူရှင်များက နေ့စဉ်ဆွမ်းဘောဇဉ် အာဟာရများ လှူဒါန်းလျက်ရှိကြောင်းသိရှိရသည်။

မြို့နယ်ပြန်/ဆက်