တောင်ကုတ်မြို့နယ်၌ ၂၀၂၃ ခုနှစ် ဓမ္မာစရိယစာမေးပွဲတတိယနေ့ ဆက်လက်ဖြေဆို

တောင်ကုတ်  မတ် ၂၄

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူး၍ နှစ်စဉ်ကျင်းပပြုလုပ်သော ဓမ္မာစရိယ စာမေးပွဲကိုတတိယနေ့အဖြစ် ဖောင်တော်ဦးစေတီတော်ရှိ မဟာဝိဇယဓမ္မာရုံ၌ ယမန်နေ့ မွန်းလွဲ (၁)နာရီ အချိန်မှညနေ (၄)နာရီအထိ ကျင်းပလျက်ရှိကြောင်း သိရသည်။

ဓမ္မာစရိယစာမေးပွဲ တတိယနေ့တွင် သီလက္ခန္ဓဝဂ္ဂပါဠိအဌကထာ(၁) ဘာသာရပ်ကိုဖြေဆိုရန် စာရင်းရှိသံဃာ(၄၅)ပါးရှိသည့်အနက် (၄၀)ပါးဖြေဆိုခဲ့ပြီး ပျက်ကွက်(၅)ပါးရှိကြောင်း နယ်သံဃနာယကအဖွဲ့၊ ဥက္ကဋ္ဌ ဆရာ‌တော်ထံမှသိရသည်။

သံဃာတော်များစာမေးပွဲဖြေဆိုရာတွင် အဆင်ပြေစေရန်အတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်နှင့်အဖွဲ့ဝင်များ၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်တိုးနှင့်အဖွဲ့ဝင်များ၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့်အလှူရှင်များက နေ့စဉ်ဆွမ်းဘောဇဉ်အဟာရများလှူဒါန်းလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)