အမ်းမြိုနယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ (၇၈) နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နံရံကပ် စာစောင်၊ ဓာတ်ပုံပြပွဲကျင်းပ

အမ်း မတ် ၂၄

ရခိုင်ပြည်နယ်၊ အမ်း မြို့နယ်၌ (၇၈)နှစ် မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး နံရံကပ်စာစောင်ဓာတ်ပုံပြပွဲကို ယမန်နေ့နေ့လည်အချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာအုပ်စာပေ ချစ်မြတ်နိုးသူ လူငယ်များလေ့လာနိုင်ရန်ဝေဝေဆာဆာပြသ ဆောင်ရွက်ခဲ့သည်။

(၇၈)နှစ်မြောက်တပ်မတော်နေ့ကို ကြို ဆိုဂုဏ်ပြုသောအားဖြင့် နံရံကပ်စာစောင်ဓာတ်ပုံပြပွဲအား စာပေမြတ်နိုးသူကျောင်းသားကျောင်း သူများနှင့် စာငှားစာဖတ်ပရိသတ်များ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ရာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းက ပြပွဲပြခန်းများ ဆောင်ရွက်ရခြင်းရည်ရွယ်ချက်နှင့်ပတ် သက်၍ရှင်းလင်း ပြောကြားခဲ့သည်၊ နံရံကပ်စာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူမင်းအောင်လှိုင်၏ (၇၇)နှစ်မြောက် တပ်မတော်နေ့၌ ပြောကြားသည့်မိန့်ခွန်းများ၊ (၇၈)နှစ်မြောက် တပ်မတော်နေ့ဦးတည်ချက်များ၊ လွတ်လပ်ရေးဗိသုကာအမျိုးသားခေါင်းကြီး ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေး ကြိုးပန်းမှုကာလ၌ လူထုစည်းရုံးရေးလှုပ်ရှားမှုသမိုင်းဝင်မှတ် တမ်းဓာတ်ပုံများ၊ အတ္ထုပ္ပတ္တိ အကြောင်းအရာများအား ပြသထားကြောင်း သိရသည်။

စိုးမင်းထွန်း