ရခိုင်ပြည်နယ် မောင်တောမြို့၌  ပန်းချီစွမ်းရည်ပြိုင်ပွဲ ကျင်းပ

မောင်တော မတ် ၂၃

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ပန်းချီစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန် မောင်တောခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်ခိုင်က ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်းနှင့် ကျောင်းသား/သူလေးများအနေဖြင့် ဗဟုသုများ ပိုမိုရရှိစေရန်၊ ဉာဏ်ရည်များ ပိုမိုထက်မြတ်လာစေရန်နှင့်  ပန်းချီအနုပညာစွမ်းရည်များ တိုးတက်လာစေရန် ဆေးရောင်များ၏ သဘောတရားများအား သိရှိစေရန် စသည့် ရည်ရွယ်ချက်များနှင့် ပြုလုပ်ခြင်းဖြစ်ပြီး ကျောင်းပိတ်ရက်များတွင် စာကြည့်တိုက်သို့ လာရောက်၍ သုတ/ရသ စာအုပ်များကို ငှားရမ်းဖတ်ရှု သင့်ကြောင်းကိုလည်း ပြောကြားခဲ့သည်။ ဆက်လက်၍ ပန်းချီပြိုင်ပွဲကိုကျင်းပခဲ့ရာ  ပြိုင်ပွဲတွင် အခြေခံ ပညာ ကျောင်းများမှ ကျောင်းသား၊ကျောင်းသူ  ၁၂ ဦးက ပါဝင်ယှဉ်ပြိုင်ခဲ့ကြကာ ပထမဆုကိုGrade-7မှ မောင်အောင်မျိုးကျော်က လည်းကောင်း ၊ဒုတိယဆုကို Grade-7မှ မနန်းအိသဇင်နှင့် တတိယဆုကို Grade-4မှ မောင်အောင်ဟိန်းထက်တို့က ဆုများရရှိခဲ့ပြီး တာဝန်ရှိသူများဆုများ  ဆုငွေများ အသီးသီး ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။  

သက်လွင်စိုး ၊အောင်ကျော်စိန်(ပြန်/ဆက်)