အမ်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ်၊ အခြေခံပညာအထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲဆောင်ရွက်

 အမ်း မတ် ၂၃

ရခိုင်ပြည်နယ်၊အမ်းခရိုင်၊အမ်းမြို့နယ်၌အခြေခံပညာဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ်၊ အခြေခံပညာအထက်တန်းအဆင့်(ခရိုင်အဆင့်)နှင့် အလယ် တန်းအဆင့်(ခရိုင်အဆင့်)ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်းတွင် ဆောင်ရွက်ကြောင်း သိရသည်။

အဆိုပါ ၂၀၂၂-၂၀၂၃ခုနှစ် ပညာသင်နှစ်၊ အခြေခံပညာအထက်တန်းနှင့် အလယ်တန်းအဆင့် (ခရိုင်အဆင့်) ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲများကို မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်း၊ သိပ္ပံဘာသာရပ်များအား နံနက် ၉ နာရီမှ ၁၆၀၀ နာရီထိ ဆွေးနွေးမှုများပြုလုပ်ပြီး အမ်းခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်းအဆင့် ဆရာ၊ ဆရာမ (၁၁၃)ဦး ၊ နည်းပြ(၉)ဦးနှင့် အလယ်တန်းအဆင့် ဆရာ၊ ဆရာမ (၆၃၄))ဦး ၊ နည်းပြ (၂၁)ဦး တက်ရောက်ကြပြီး ဆွေးနွေးပွဲကာလမှာ မတ် ၂၁ ရက်နေ့မှ ၂၄ ရက်နေ့အထိ ၄ ရက်ကြာဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း  ခရိုင်ပညာရေးမှူးထံမှ သိရသည်။

စိုးမင်းထွန်း (ပြန်/ဆက်)