သံတွဲမြို့၌ ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ် အခြေခံပညာအထက်တန်းနှင့် အလယ်တန်းအဆင့် (ခရိုင်အဆင့်) ဘာသာရပ် စွမ်းရည်မြှင့် ဆွေးနွေးအခမ်းအနားကျင်းပ

သံတွဲ မတ် ၂၂

အခြေခံပညာဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ် အခြေခံပညာအထက်တန်းနှင့် အလယ်တန်းအဆင့် (ခရိုင်အဆင့်) ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ သံတွဲခရိုင် ပညာရေးမှူး ဒေါ်ဝိုင်းစိန်က ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ် အခြေခံပညာ အထက်တန်းနှင့် အလယ်တန်းအဆင့်(ခရိုင်အဆင့်) ဘာသာရပ် စွမ်းရည်မြှင့် ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် ဆွေးနွေးပွဲ စည်းမျဉ်း/စည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ် အခြေခံပညာအထက်တန်းနှင့် အလယ်တန်းအဆင့် (ခရိုင်အဆင့်) ဘာသာရပ် စွမ်းရည်မြှင့် ဆွေးနွေးပွဲများကို သံတွဲမြို့ပေါ်ရှိ အထက(၁)၊ အထက(၂)နှင့် အထက(ခွဲ) မြို့မကျောင်းများတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်း၊ သိပ္ပံဘာသာရပ်များအား နံနက် ၉ နာရီမှ ၁၆၀၀ နာရီထိ ဆွေးနွေးမှုများ ပြုလုပ်သွားမည်ပြီး သံတွဲခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်းအဆင့် ဆရာ၊ ဆရာမ(၂၂၉)ဦး၊ နည်းပြ(၁၈)ဦး စုစုပေါင်း (၂၄၇)ဦးနှင့် အလယ်တန်းအဆင့် ဆရာ၊ ဆရာမ(၇၀၉))ဦး၊ နည်းပြ(၂၆)ဦး၊ စုစုပေါင်း(၇၃၅)ဦး တက်ရောက်ကြပြီး ဆွေးနွေးပွဲကာလမှာ မတ် ၂၁ ရက်နေ့မှ ၂၄ ရက်နေ့အထိ ၄ ရက်ကြာ ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း  ခရိုင်ပညာရေးမှူးထံမှ သိရသည်။

ခရိုင်(ပြန်/ဆက်)