မာန်အောင် မတ် ၂၁
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား၂၀၂၃-ခုနှစ်မတ်လအတွက် ပင်စင်လစာငွေများကို ယခုလ ၂၁ ရက်နေ့မှ ၃၀ ရက်နေ့ထိ ဘဏ်ဖွင့်ရက်များတွင် နံနက် ၇ နာရီမှ မွန်းလွဲ ၃ နာရီထိ ထုတ်ပေးလျက်ရှိသည်။
ထိုသို့ ပင်စင်လစာငွေများ ထုတ်ပေးရာတွင် မာန်အောင်မြို့နယ်၌ အငြိမ်းစားပင်စင်လစာငွေ ထုတ်ယူသူ(၇၈၄)ဦးရှိပြီး အဆိုပါ သတ်မှတ်ရက်များတွင် အကြောင်းအမျိုးမျိုးကြောင့် လာရောက် ထုတ်ယူနိုင်ခြင်းမရှိပါက ဧပြီလဆန်းပိုင်းတွင် ထပ်မံထုတ်ပေးသွားမည်ဖြစ်ပြီး ကိုယ်တိုင်လာရောက်ထုတ်ယူနိုင်ခြင်း မရှိသူများအနေဖြင့် မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူနိုင်ကြောင်း မာန်အောင်မြို့ မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာထံမှ သိရသည်။
သိန်းဖေ(ပြန်/ဆက်)