ဂွမြို့နယ်တွင် လူငယ်နှင့်အားကစားဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်

ဂွ မတ် ၁၄

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် လူငယ်နှင့်အားကစားဆိုင်ရာ အသိပညာပေး Talk Show ကို ယမန်နေ့ ည​နေ ၃ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဂွမြို့နယ်ရုံး Community Centre ခန်းမတွင်  ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ Talk Show တွင်   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဂွမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က   လူငယ်နှင့်အားကစားဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်ရခြင်းအား ရှင်းလင်းပြောကြားပြီး လူငယ်နှင့်အားကစားဆိုင်ရာကိစ္စရပ်များနှင့် ပတ်သတ်၍ မေးမြန်းခဲ့ရာ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်မင်းလွင်က  အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ချမှတ်ထားသည့် တာဝန်များဖြစ်သည့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး၊ မြန်မာ့အားကစား အဆင့်အတန်း တိုးတက်မြင့်မားရေး၊ စည်းကမ်းကောင်းမွန်ပြီး  ထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွက်လာစေရေး၊ အမျိုးသားရေးတာဝန်တစ်ရပ်ကို စိတ်အားထက်သန်စွာခံယူတတ်စေရေး၊ အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားလာစေရေးစသည့် တာဝန်များနှင့် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကို အကျိုးရှိစွာအသုံးချတတ်ကြစေရန်၊  အားကစားနည်းများအား အခြေခံမှစ၍ စနစ်တကျ သင်ကြားပို့ချပေးလျက်ရှိသည့် လူငယ်နှင့်အားကစားရေးရာအကြောင်း၊ နွေရာသီတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည့် အားကစား သင်တန်းများအကြောင်း၊ မတ်လ ၆ ရက်နေ့မှ ၂၅ ရက်နေ့ထိ အားကစားနည်း(၆)မျိုးဖြင့် ဖွင့်လှစ်ပို့ချပေးလျက်ရှိသည့်  ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ တိုက်ကွမ်ဒို၊ စားပွဲတင် တင်းနစ်၊ ရိုးရာခြင်း စသည်ဖြင့် ကျောက်ချွန်ကျေးရွာနှင့် ရဟိုင်ကူးတို့ကျေးရွာတို့တွင် ဖွင့်လှစ်သင်ကြားပေးနေမှု အခြေအနေများကို အသိပညာပေး ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်