စစ်တွေ မတ် ၈
ရခိုင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏(၁/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့ နေ့လယ်ပိုင်းက ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်းလင်းနှင့် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ရခိုင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ယခုအစည်းအဝေးတွင် ရခိုင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီကို အတည်ပြုမိန့် လျှောက်ထားတင်ပြလာသည့် ရာခိုင်နှုန်းပြည့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် စစ်တွေမြို့တွင်ဆောင် ရွက်မည့် ပင်လယ်ရေထွက်ကုန်ပစ္စည်းများအား ပြုပြင်ခြင်း၊ အေးခဲခြင်း၊ ထုတ်ပိုးခြင်းနှင့်တင်ပို့ရောင်း ချခြင်းလုပ်ငန်းကို စိစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့ကော်မတီအနေဖြင့် ယခုကဲ့သို့ ရခိုင်ပြည်နယ်အတွင်းကို ဝင်ရောက်လာသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို အားပေးဆောင်ရွက် ကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း နိုင်ငံတော်ဖွံ့ဖြိုးရေးနှင့်ပတ်သက်ပြီး ကဏ္ဍစုံတွင် ရေရှည်တည်တံ့ခိုင်မြဲသည့် ဖွံ့ဖြိုးမှုများရရှိနိုင်စေရန် နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက် လျက်ရှိပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီးပွားရေးဦးတည်ချက်တွင်လည်း “ဈေးကွက် စီးပွားရေးစနစ် တည်ငြိမ်အောင်ဖော်ဆောင်ပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်၍ တိုင်းရင်း သားပြည်သူတစ်ရပ်လုံး၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ရေး” ဟုထည့်သွင်းထား သည်ကိုတွေ့ရှိနိုင်မည်ကြောင်း၊ ထို့ကြောင့် ရခိုင်ပြည်နယ်အတွင်းမှာ ရင်းနှီးမြှုပ်နှံရန် စိတ်ပါဝင်စားသူ ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံသူများကိုလည်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ ရင်းနှီးမြှုပ်နှံမှု အဆိုပြုလွှာ တင်ပြဆောင်ရွက်နိုင်စေရန် သက်ဆိုင်ရာဌာနများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြ ရမည်ဖြစ်ကြောင်း၊ မိမိတို့ ရခိုင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ အနေဖြင့်လည်း ရခိုင်ပြည်နယ် အတွင်း လာရောက်ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင်များ လွယ်ကူအဆင်ပြေစွာ ဆောင်ရွက်နိုင်ရေး ကူညီဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ နောင်မှာလည်း ဆက်လက် ကူညီဆောင်ရွက်သွားမှာဖြစ် ကြောင်း၊ သဘာဝအခြေခံ အရင်းအမြစ်များ ကောင်းမွန်ပြည့်စုံပြီးဖြစ်သည့် ရခိုင်ပြည်နယ်ကို စီးပွားရေးဝန်းကျင်ကောင်းတစ်ခုအဖြစ် ပေါ်ပေါက်လာစေရန် အားလုံး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်သွားကြ စေလိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ကော်မတီအတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ ဒေါက်တာ ထူးမင်းသိမ်းက ပြည်နယ်၏ရင်းနှီးမြှုပ်နှံမှု၊ ကုမ္ပဏီဖွဲ့စည်း မှတ်ပုံတင်မှု အခြေအနေများနှင် စပ်လျဉ်း၍ လည်းကောင်း၊ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ လုပ်ငန်းစဉ် များနှင့်စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်း တင်ပြသည်။ ယင်းနောက် ရာနှုန်းပြည့်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် ပင်လယ်ရေထွက်ကုန်ပစ္စည်းများအား ပြုပြင်ခြင်း၊ အေးခဲခြင်း၊ ထုတ်ပိုးခြင်းနှင့် တင်ပို့ရောင်းချခြင်း လုပ်ငန်းကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ ဆောင်ရွက်ခွင့်ပြုရန် ရှင်းလင်းတင်ပြရာ ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီအဖွဲ့ဝင်များက ပြန်လည်ဆွေးနွေး တင်ပြကြ သည်။ ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က ညှိနှိုင်း ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
ညနေပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ စစ်တွေမြို့၊ ရေရရှိရေးလုပ်ငန်းအဖွဲ့ခေါင်းဆောင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဘိုဘိုကျော်နှင့် လုပ်ငန်းအဖွဲ့ဝင်များအား တွေ့ဆုံသည်။ တွေ့ဆုံစဉ် မြေအောက်ရေထုတ်ယူသုံးစွဲနိုင်ရေး ဆန်းစစ်သုတေသနပြု တိုင်းတာ ခြင်းများဆောင်ရွက်နေမှုအခြေအနေနှင့် ခေတ်မှီစက်ယန္တရားကြီးများဖြင့် ရေထုတ်ယူကာ ကန်တော် ကြီးရေစုကန်အတွင်းသို့ ရေပိုက်များသွယ်တန်းကာ ရေဖြည့်သွင်းမည့် အခြေအနေများနှင့် ကန်တော်ကြီးရေစုကန် သန့်ရှင်းသပ်ရပ်မှုနှင့်ကြံ့ခိုင်မှုကို ပြန်လည်မြှင့် တင်ဆောင်ရွက်မည့် အစီအမံ များကိုဆွေးနွေးခဲ့ကြကြောင်းသိရသည်။
တင်ထွန်း(ပြန်/ဆက်)