အမ်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ  မြန်မာစာဘာသာကို ကျောင်းသား၊ ကျောင်းသူ(၈၂၀)ဦး ဝင်ရောက်ဖြေဆို

အမ်း    မတ် ၈

အမ်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာကို ကျောင်းသား/သူစုစုပေါင်း ၈၂၀ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ပျက်ကွက်သူ ၁၃၀ ဦးရှိကြောင်း သိရသည်။

အမ်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို အမှတ် (၁)အထက၊ အမှတ် (၂)အထက၊ အမှတ် (၃)အထက နှင့်  အထက(တပ်တောင်) အစရှိစာစစ်ဌာန (၄)ခုတွင် ကျင်းပလျက်ရှိပြီး ကျောင်းတွင်းမှဖြေဆိုသည့် ကျောင်းသား/ကျောင်းသူ(၇၁)ဦး၊ ပြင်ပမှဖြေဆိုမည့်သူ(၈၇၉)ဦး စုစုပေါင်း ဖြေဆိုရန်စာရင်းရှိ(၉၅၀)ဦးအနက် ဝင်ရောက်ဖြေဆိုသူ(၈၂၀)ဦး၊ ပျက်ကွက်သူ(၁၃၀) ဦး ရှိကြောင်း သိရသည်။

အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲ ချောမွေ့စွာကျင်းပနိုင်ရေးအတွက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်ကျော်မင်းနှင့် တာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့်အဖွဲ့ဝင်များ၊ ပညာရေးဝန်ထမ်းများ၊ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေး ရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများက စာစစ်ဌာနအသီးသီး၌ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 

စိုးမင်းထွန်း