ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၂-၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာရပ် စတင်ဖြေဆို

မောင်တော မတ် ၈

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအား စာစစ်ဌာန ၃ ခု ဖွင့်လှစ်၍ ယနေ့ နံနက် ၉ နာရီအချိန်တွင် မြန်မာစာဘာသာရပ်အား စတင်ကာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

မောင်တောမြို့၌ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် ကျောင်သား၊ ကျောင်းသူ ၅၃၆ ဦး၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူ ၂၇၉ ဦးနှင့် အ.ထ.က တောင်ပြိုလက်ဝဲ စာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူ ၁၄၆ ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၉၆၁ ဦး ဖြေဆိုလျက်ရှိပြီး ဖြေဆိုမှု ရာခိုင်နှုန်းမှာ ၈၅ ဒဿမ ၅၀ ရာခိုင်နှုန်းဖြစ်သဖြင့် ပျက်ကွက်ရာခိုင်နှုန်းမှာ ၁၄ ဒဿမ ၅၈ ရာခိုင်နှုန်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သက်လွင်စိုး၊ အောင်ကျော်စိန်