ကျိန္တလီမြို့ (Community Centre) ခန်းမတွင် အပ်နှာဖားထိုးပြိုင်ပွဲနှင့် ပူဖောင်းဖောက်ပြိုင်ပွဲကျင်းပ

ကျိန္တလီ ဖေဖော်ဝါရီ ၂၁

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ အပ်နှာဖားထိုးပြိုင်ပွဲနှင့် ပူဖောင်းဖောက်ပြိုင်ပွဲကို ယမန်နေ့ညနေပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် ကျိန္တလီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်သန်းသန်းလေးက ကျောင်းသား/သူများအနေဖြင့် စာကြည့်တိုက်နှင့်အဆက်မပြတ်စေရန်၊ စာကြည့်တိုက်သို့လာရောက်၍ စာအုပ်စာစောင်များကို လေ့လာဖတ်ရှုစေနိုင်ရန်နှင့် စာအုပ်စာစောင်များမှ သိမှတ်ဖွယ်ရာအဖြာဖြာတို့ကို လေ့လာမှတ်သားနိုင်ကြစေရန်ရည်ရွယ်၍ ပျော်ရွှင်စရာပြိုင်ပွဲများ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ကျောင်းသား/သူများကို နှစ်ယောက်တစ်တွဲစီတွဲ၍ အပ်နှာဖားထိုးပြိုင်ပွဲကိုကျင်းပရာ မဆောင်းသဇင်မျိုးနှင့် မဖွေးရတနာတို့အတွဲမှ (ပထမ)ဆုကိုလည်းကောင်း၊ မမိုးမြင့်ဟေမာန်ခင်နှင့် မထက်ထက်ဦးတို့အတွဲမှ (ဒုတိယ)ဆုကိုလည်းကောင်း အသီးသီးရရှိခဲ့သည်။ ထို့နောက် ပူဖောင်းဖောက်ပြိုင်ပွဲကိုကျင်းပခဲ့ရာ မဆောင်းသဇင်မျိုးနှင့် မဖွေးရတနာတို့အတွဲမှ (ပထမ)ဆုကိုလည်းကောင်း၊ မဖူးဖူးစံနှင့် မမေဇင်သင်းတို့အတွဲမှ (ဒုတိယ)ဆုကိုလည်းကောင်း ရရှိခဲ့ကြပြီး ကျိန္တလီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးမှူးမှ ဆုရရှိသော ကျောင်းသား/သူများအား လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။

ဇော်လင်း