ရသေ့တောင် ဖေဖော်ဝါရီ ၂၁
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို ယနေ့နံနက် ၇ နာရီအချိန်မှစတင်၍ မြန်မာ့စီးပွါးဘဏ်ရှိဝန်ထမ်းများက ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ရသေ့တောင်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင်း ပင်စင်စားဝန်ထမ်း(၁၆၆၀)ဦးရှိပြီး ယနေ့ ဖေဖော်ဝါလ ၂၁ ရက် နေ့မှစတင်၍ လကုန်ရက်အထိနေ့စဉ်နံနက် ၇နာရီမှ နေ့လယ် ၂ နာရီအချိန်ထိ ပင်စင်လစာငွေများကို ထုတ်ပေးလျက်ရှိသည်။ အငြိမ်းစားအသက်ကြီးသူများနှင့် ကျန်းမာရေးမကောင်းသူများ၏ ပင်စင်လစာများကို ကိုယ်စားလှယ်လွှဲစာဖြင့် မိသားစုဝင်များက အဆင်ပြေစွာထုတ်ယူနိုင်ရန် မြန်မာ့စီးပွါးရေးဘဏ်က စီစဉ်ဆောင်ရွက်ပေးထားသလို သတ်မှတ်ရက်များတွင် လာရောက်ထုတ်ယူခြင်းမရှိသော ပင်စင်စားဝန်ထမ်းများအား လစဉ် လဆန်းရက်၊ ဘဏ်လုပ်ငန်းဖွင့်ချိန်များတွင် ပင်စင်လစာများကို ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း မြန်မာ့စီးပွါးရေးဘဏ်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ထွန်းလင်းကျော်