ပေါက်တောမြို့နယ် ဝါးလန်းနှင့်ဝါးလမ်းကုန်းကျေးရွာ၌ မြစိမ်းရောင်ရန်ပုံငွေ (အဋ္ဌမ) အကြိမ် ထုတ်ချေးပေး

ပေါက်တော  ဖေဖော်ဝါရီ     ၂၁

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ မြစိမ်းရောင် စီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ပြန်လည်ထုတ်ချေးခြင်းကို ယမန်နေ့နံနက် ၁၁ နာရီက ဝါးလန်းနှင့် ဝါးလမ်းကုန်းကျေးရွာရှိ အသင်းသား/အသင်းသူများအား (အဋ္ဌမ) အကြိမ် ပြန်လည်ထုတ်ချေးပေးသည်။

ရှေးဦးစွာ ကျေးရွာစီမံကိန်းလုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့်တွေ့ဆုံကာ မြစိမ်းရောင် ကျေးရွာစီမံကိန်း ရည်ရွယ်ချက်များ၊ စီမံကိန်းဆောင်ရွက်ခြင်း အကျိုးကျေးဇူးများနှင့် လုပ်ငန်းစဉ်များကို မြို့နယ်ဦးစီးမှူး ဦးသန်းထွန်းက ရှင်းလင်းပြောကြားပြီး  ဝါးလန်းနှင့် ဝါးလမ်းကုန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း(အဋ္ဌမ) အကြိမ်ရန်ပုံငွေ ထုတ်ချေးရာတွင် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၆၆ ဦးအား ၃၁,၁၅၀,၀၀၀ ကျပ်၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၁၃ ဦး အား ၇,၉၀၀,၀၀၀ ကျပ်၊ ရေလုပ်ငန်း လုပ်ကိုင်သူ ၃ ဦးအား  ၁,၈၅၀,၀၀၀ ကျပ်၊ အရောင်းအဝယ် လုပ်ငန်းလုပ်ကိုင်သူ ၂ ဦးအား ၁,၇၀၀,၀၀၀ ကျပ်၊ အသက်မွေးဝမ်းကျောင်း လုပ်ကိုင်သူ ၁ ဦးအား ၇၀၀,၀၀၀ ကျပ်  စုစုပေါင်း အသင်းသား၊ အသင်းသူ  ၈၅ ဦးအတွက် ရန်ပုံငွေ ကျပ်ကို ၄၃,၃၀၀,၀၀၀ကျပ်ကို ကျေးရွာအရောက် ထုတ်ချေးပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဝင်းမင်းစိုး(ပြန်/ဆက်)