ကြာအင်းဆိပ်ကြီး ဖေဖော်ဝါရီ ၁၈
ဒေသခံတိုင်းရင်းသားမိဘပြည်သူများအနေဖြင့် နိုင်ငံရေး ပညာရေး ကျန်းမားရေး စီးပွားရေး လူမှုရေးနှင့် အထွေထွေဗဟုသုတများ ရရှိတိုးပွားလာစေရေး စာအုပ်စာစောင်များအား အမြဲတမ်းလေ့လာဖတ်ရှုပြီး စာဖတ်ရှိန်တိုးတက်မြင့်မားလာစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်များ ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့များဖွဲ့စည်း၍ လစဉ်စာဖတ်ဝိုင်းများအား ပြုလုပ်ကျင်းပလျက်ရှိကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းများအား ပြုလုပ်ကျင်းပလျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းအချိန်က ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များမှ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားထုတ်ဝေသည့် အရည်အချင်းဆီသို့ ခေါင်းစဉ်ပါစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ကြောင်းသိရသည်။
၎င်းစာဖတ်ဝိုင်းတွင် အရည်အချင်းဆီသို့ ခေါင်းစဉ်ပါစာအုပ်မှ ဆောင်းပါးများဖြစ်သည့် ဘဝမှာဖြူဖြူစင်စင်နေပါ၊ အရှက်အကြောက်တရား၊ စာကြည့်တိုက်နှင့် စာပေဟောပြောပွဲ၊ အရည်အချင်းဆီသို့၊စသည့်ခေါင်းစဥ်ပါ ဆောင်းပါးများအား စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များမှ တစ်ဦးချင်းစီအလိုက်ဖတ်ကြားပြီး ဆောင်းပါး၏အကြောင်းအရာများအား အသင်းဝင်များမှ မိမိတို့၏နားလည်ထင်မြင် ယူဆချက်များအား အပြန်အလှန် ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
မျိုးမင်းဦး(ပြန်/ဆက်)