ပိုင်ကျုံမြို့၌ (၇၅)နှစ်မြောက် မြန်မာ-ရုရှားသံတမန်ဆက်ဆံရေးထူထောက်မှု အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်ပြသ

ပိုင်ကျုံ ဖေဖော်ဝါရီ  ၁၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် မြန်မာ-ရုရှားသံတမန် ဆက်ဆံရေးထူထောင်မှု အထိမ်းအမှတ် မှတ်တမ်းဓါတ်ပုံများကိုနံရံကပ်စာစောင်အဖြစ် ပြသဆောင်ရွက်ခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က  ပိုင်ကျုံမြို့ပြည်သူ့စာကြည့်တိုက်၌    ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါမြေစိုက်နံရံကပ်စာစောင်တွင် မြန်မာ-ရုရှားသံတမန် ဆက်ဆံရေးထူထောင်မှု အထိမ်းအမှတ် အနေဖြင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မှတ်တမ်း ဓာတ်ပုံများ၊ နှစ်နိုင်ငံအကြီးအကဲများ တွေ့ဆုံမှုမှတ်တမ်းဓာတ်ပုံများ စုစုပေါင်းမှတ်တမ်း ဓာတ်ပုံ(၂၀)ပုံပါဝင်ပြီး အများပြည်သူကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး ရုံးရှေ့နံရံကပ်ဘုတ်တွင် ပြသဆောင်ရွက်ထားကြောင်း သိရသည် ။

ထိုသို့ ပြသဆောင်ရွက်ရာတွင် ဒေသနေပြည်သူများအနေဖြင့် နိုင်ငံတော်အကြီးအကဲများ၏ တိုင်းကျိုးပြည်ပြု ဆောင်ရွက်မှုများကို ပိုမိုသိရှိစေရန် ရည်ရွယ်ချက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများတို့က ပြသဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နော်ခူး (ပြန်/ဆက်)