အမ်း ဖေဖော်ဝါရီ ၁၇
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နေ့လည်ပိုင်းက ရွေ့ လျားစာကြည့်တိုက် Mobile Library စနစ်ဖြင့် မြို့နယ်ကော်မရှင်ရုံးသို့ သွားရောက်၍ စာအုပ်၊စာစောင်များ အခမဲ့ငှားရမ်းခဲ့သည်။
ထိုသို့စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာကြည့်တိုက်သို့မလာရောက်နိုင်သည့် ဝန်ထမ်းများနှင့် စာဖတ်ပရိတ်သတ်များအား စာအုပ်စာပေကို လေ့လာဖတ်ရှုမှု ပိုမိုတိုးပွားလာစေရန်၊ စာပေဖတ် ရှုခြင်းဖြင့် အသိဉာဏ်ပညာဗဟုသုတများတိုးပွားလာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ Mobile Library စနစ်ဖြင့် သုတ၊ ရသ၊ ရုပ်ပြ၊ တေဇ၊မဂ္ဂဇင်း/စာစောင် စသည့်စာအုပ်များဖြင့် ကွင်းဆင်းဆောင်ရွက် ငှားရမ်းခဲ့ကြသည်။
အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် Mobile Library စနစ်ဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းကို အပတ်စဉ်ပုံမှန် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စိုးမင်းထွန်း